Friday, August 9, 2013

PCမှာ Karaokeသီချင်းဆိုရအောင်ဗျာ…

ဒီနည်းလမ်းကတော့ သူငယ်ချင်းတစ်ယောက်ဆီကရတာပါ..
လိုအပ်တာတွေကတော့…. Ear phone ရယ်.. Sound box ရယ်ပါ
တကယ်တော့ အကုန်လုံး လုပ်တတ်ပြီးသားပါ နည်းနည်းမစဉ်းစားရသေးလို့ဖြစ်မယ်..
ကဲ စရအောင်ဗျာ!

ကျနော်တို့တွေက သီချင်းနားထောင်မယ်ဆိုရင် System ပုံ နောက်မှာ… ထိုးရမယ့် အပေါက်ကလေးတွေကို သိမယ်လို့ထင်ပါတယ်… ပန်းရောင်လေးနဲ့ အစိမ်းရောင်လေးကို ကြိုးထိုးရပါတယ်..
system
ပုံမှာပြထားတဲ့အတိုင်း
ပန်းရောင်က Input အသံတွေသွင်းမယ်ပေါ့ဗျာ
အစိမ်းရောင်ကတော့ Output အသံတွေ ထုတ်မယ်ဗျ
ဒါဆိုရင်ကို နားလည်သွားမယ်လို့ထင်ပါတယ်..
ကဲနားမလည်တဲ့ သူငယ်ချင်းတွေအတွက်ဆက်ရအောင်
Ear phone ကို ပန်းရောင်အပေါက်မှာ ထိုးလိုက်မယ်ဗျာ.. ဘာလို့လဲဆိုတော့ အသံသွင်းချင်လို့ပါ
Sound box ကိုတော့ အစိမ်းရောင်မှာ တပ်ဆင်လိုက်ပေါ့ဗျာ… သူ့ဆီကနေ အသံတွေထွက်သွားမယ် ဟုတ်တယ်ဟုတ်
ဒါဆိုရင်စကားပြောကြည့်ပါ sound box ကနေ အသံထွက်လာပါလိမ့်မယ်
သီချင်းဆိုချင်တယ်ဆိုရင် VLC ဆော့ဝဲနဲ့ဆိုရင်ပိုပြီးအဆင်ပြေပါတယ်..
ဘာလို့လဲဆိုတော့ VLC ဆော့ဝဲမှာ မူရင်းဆိုတဲ့လူရဲ့အသံကို ဖျောက်လို့ရတယ်ဗျ
VLC ဆော့ဝဲဒေါင်းရန်
VLC ဆော့ဝဲဒေါင်းရန်
ကဲ သီချင်းတစ်ပုဒ်ကို VLCနဲ့ဖွင့်လိုက်တော့ဗျာ..
ပြီးရင်တော့ အောက်မှ ပြထားတဲ့အတိုင်းပဲ Audio >> Audio Channels >> Left ကို ရွေးလိုက်ပါ သီချင်းဆိုလို့ရပါပြီဗျာ…..
Untitled-3
သူများတွေကို အသံဖြင့် နိုပ်ဆက်လတ္တံ အဟီးလ် :P
အဆင်ပြေပါစေဗျာ….

No comments:

Post a Comment

အားလုံးကိုခင်မင်လေးစားလျှက်ပါ တေဇာနည်းပညာ