Dota မှာ 1.1.3 ဆော့ရင် 3ယောက်နေတဲ့လမ်းမှာ ဘယ်လို Heroယူရင်ကောင်းမလဲ
ဒီတစ်ခေါက် ခေါင်းစဉ်ကို Tri Lane Guide လို့ မပေးပဲ Tri Lane Suggestion လို့ပဲပေးထ
ားပါတယ်...အကြောင်းကတော့ ဘယ် Tri Lane မှ Perfect ဖြစ်တယ်လို့ မရှိတဲ့အပြင် Dota Player တိုင
်းမှာလဲ
တွေးတောကွန့်မြူးနိုင်တဲ့ အကြံညဏ်ကောင်းတွေ ရှိနေမယ်ဆိုတာ ယုံကြည်လို့ ဒီလိုနာမည်ပေးထားတာပါ .
..
ဒီပို့စ်မှာ ဆွေးနွေးထားတဲ့ Tri Lane တွေဟာ အကြံညဏ်ပေးယုံသတ်သတ်ဖြစ်ပီး Copy ကူးဖို့ မဟုတ်တဲ့အတွက်
Player တိုင်းမှာ ရှိသမျှ အတွေးအခေါ်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်နိုင်စေဖို့ ရည်ရွယ်ပါတယ်...
မိမိ အသင်းသားများရဲ့ Team work, Playing Style, Own Abilities အစရှိတာတွေပေါ်မူတည်ပြီး
အခြေအနေတွေက ပြောင်းလဲသွားမှာပါ ...
Dota ပွဲတွေမှာ ခေတ်စားလာတာလဲ တော်တော်ကြာခဲ့ပါပြီ... Tri Lane က မပါမဖြစ်လို ဖြစ်လာတာကိုတွေ့ရပါတယ်.
Jungle, Tower Brake အစရှိတဲ့ ပုံတွေ ကစားဖို့အတွက် Prophet, Lycanthrope, Enigma အစရှိတဲ့ hero
တွေပါခဲ့ရင်..
ဒါမှမဟုတ်...
တစ်ဖက်အသင်းရဲ့ mid lane က Turtling လုပ်မယ့် hero ကို နှိမ်ဖို့ Chaos + Ancient , Lancer + Keeper
အစရှိတဲ့ကောင်တွေ ကဲ့သို့ flow မျိုးမဟုတ်ရင် Tri lane နဲ့ ဆော့မယ်ဆိုတာ Dota ယဉ်ကျေးမှုတစ်ခုလိုဖြစ်နေပါပြီ.
(Turtling လုပ်တယ်ဆိုတာကတော့ အဲ့ဒီ့အသင်းရဲ့ Plan က Early Game မှာ အနိုင်ယူဖွယ် မရှိတာကြောင့်
Hero ၁ကောင် သို့မဟုတ် ၂ ကောင်ကို level, item အစရှိတာတွေ အလုံအလောက် ရှာစေပြီးမှ
တိုက်ခိုက်တဲ့ strategy ဖြစ်ပါတယ်.... Turtle ဆိုတာ carry အားကိုးတဲ့ ကစားပုံစံကို ခေါ်တာပါ
နောက်ပိုစ့်တစ်ခုမှ Turtling အကြောင်းကို ထပ်ဆွေးနွေးပါဦးမယ်...)
ဒါဆို ဘာကြောင့် Tri Lane တွေ အသုံးပြုရလဲ ...
အနည်းငယ်လောက် အသေးစိတ် စဉ်းစားကြည့်ဖို့ လိုပါလိမ့်မယ်....
ကစားသမားအများစုရဲ့ ဒိုတာ ရှုံးရတဲ့အကြောင်းအရင်းတွေထဲမှာ Tri Lane မှာ အရေးနိမ့်ခြင်းကလဲ
အရေးပါတဲ့အချက်တစ်ချက်လိုဖြစ်နေပါတယ်.... Tri Lane မှာ ရှုံးနိမ့်နေတဲ့ အသင်းဟာ စိတ်ဓါတ်ပိုင်းဆိုင်ရာရော
ပြိုင်ပွဲမှာပါ အရေးနိမ့်ဖို့ အလားအလာ များနေပါတယ်... Tri Lane ဟာ အလွန် ရှုတ်ထွေးပြီး အရေးပါပါတယ်...
Tri Lane မှာ ရှုံးနိမ့်နေရခြင်းရဲ့ ရလာဒ်တွေကတော့ အဲ့ဒီလမ်းမှာ နေရတဲ့ မိမိဘက်က Hero ၃ကောင်ဟာ
level ရော Gold ပိုင်းမှာပါ အရေးနိမ့်လာမှာ ဖြစ်တဲ့အတွက် ပြိုင်ပွဲ ရှုံးနိမ့်ခြင်းဘက်ကို ဦးတည်နေပြီး ..
အကယ်၍သင့်ရဲ့ ရန်သူက သူတို့ ရဲ့ plan အတိုင်း အဆက်မပြတ် ဆက်လက်တိုက်ခိုက်နေမယ်ဆိုရင်
သင့်အတွက် အလွန်ကို သေချာတဲ့ အရှုံးရလာဒ်ကို ဖြစ်စေမှာပါ...
ဒါကြောင့် သင့်တော်တဲ့ Hero အတွဲတွေနဲ့ သူတို့ ပေါင်းစပ်တိုက်ခိုက်ခြင်းဖြင့် Tri Lane ကို ဘယ်လို ဖိနှိပ်နိုင်မလဲ
ဆိုတဲ့ အချက်အလက်တွေကို စဉ်းစားမိစေရန် ရည်ရွယ်ပြီး ဆွေးနွေးခြင်းဖြစ်ပါတယ်..
Tri Lane ဘယ်နှစ်မျိုးရှိသလဲ ....
ပြိုင်ပွဲအခြေအနေပေါ် မူတည်ပြီး Tri Lane ဖွဲ့စည်းပုံတွေလဲ လိုက်ပြီးပြောင်းလဲ သွားပါတယ်....
အကြမ်းဖြင်း အားဖြင့် Tri Lane ကို ၃ မျိုးခွဲပြီး သတ်မှတ်လို့ ရပါတယ်...
1. For Gank
2. For Durable
3. For Farm
အဲ့ဒီ့ နည်းလမ်း ၃မျိုးဟာ ကျောက်တုံး စက္ကူ ကပ်ကြေး လိုမျိုး တစ်ခုနဲ့ တစ်ခု အပြန်အလှန်နိုင်နေပါတယ်....
ဘာကြောင့်လဲ .... စဉ်းစားကြည့်ကြမယ်...
1. For Gank
လူသုံးအများဆုံးနဲ့ အကြိုက်ဆုံး Tri Lane ပုံစံဖြစ်တယ်...
တိုက်ခိုက်ဖို့ ရည်ရွယ်ချက် တစ်ခုတည်းနဲ့ nuker တွေ စုစည်းပေးထားပီး တစ်ဖက်အသင်းရဲ့ Tri Lane ဟီးရိုးတွေကို
သတ်ဖြတ်ရင်း Exp , Gold အစရှိတာတွေကို ရယူသွားပြီး ပြိုင်ပွဲကို Dominate လုပ်ဖို့ ရည်ရွယ်ပါတယ်...
တစ်ဖက်အသင်းက Farm ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ထားတဲ့ Tri ကို တိုက်ခိုက်ဖို့ အလွန်သင့်တော်ပြီး
တစ်ဖက်အသင်းက Durable နဲ့ ထိန်းဆော့ ရင်တော့ အနည်းငယ် အားနည်းချက်ရှိပါတယ်..
(Stun ကို ဒိုတာ ကစားသမားတိုင်းကြိုက်သည့် အလျှောက် Stun , Disable တွေ အမြောက်အများနဲ့
တစ်ဖက် အသင်းက ဘာကောင်လာလာ အကုန်သတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ထားတာ ဖြစ်ပါတယ်... )
ဥပမာ ... Stun + Stun + Stun = Death
2. For Durable
လူသုံးနည်းတဲ့ နည်းလမ်းဖြစ်ပေမယ့် သူလဲ အထိုက်အလျှောက် ကောင်းမွန်တဲ့ ခံစစ်တစ်ခုလို ဖြစ်နေပါတယ်...
Healer တွေနဲ့ Tanker တွေ စုစည်းထားပီး တစ်ဖက်က အရမ်း Strong ဖြစ်တဲ့ nuker အတွဲကို
မိမိဘက်က ဟီးရိုးတွေ မသေပဲ တောင့်ခံထားရင် တစ်ဖက်အသင်းကို အကြိုးယုတ်စေတဲ့ ရည်ရွယ်ချက်ဖြစ်တယ်...
တစ်ဖက်အသင်းက Gank ဖို့ ရည်ရွယ်ချက်နဲ့ တိုက်ခိုက်လာတာကို မသေအောင် ထိန်းဆော့နိုင်ပြီး
တစ်ဖက်အသင်းက Farm မယ်ဆိုရင်တော့ သတ်မရ နှိမ်မရနဲ့ အနည်းငယ် အခက်တွေ့ပြန်တယ်...
(solo lane ၂ခုက မိမိ တို့ရဲ့ carry တွေနဲ့ Turtle တွေအတွက် အချိန်ဆွဲဖို့ ရည်ရွယ်ချက်နဲ့ lane ထိန်းဖို့
ရွေးထုတ်ထားတဲ့ ဟီးရိုးတွေ ဖြစ်တယ်... တစ်ဖက်အသင်းမှာ အရမ်း strong ဖြစ်တဲ့ Hero တွေ ပေးလိုက်မိရင်
ပွဲကို အချိန်ဆွဲဆော့ပီး အနိုင်ယူဖို့ အတွက် late supporter တွေ ထုတ်ထားရင် သုံးလေ့ ရှိပါတယ်..)
ဥပမာ... Omniknight, ဒီဟီးရိုးကို Solo lane မပေးနိုင်လို့ Tri ၀င်တဲ့အခါမှာ အကျိုးဖြစ်မှု
အသင့်အတင့်သာရှိတယ် (One Healing + One Support)
Omniknight = Late Game Total Strong Support
3. For Farm
Nuker ၂ကောင်နဲ့ Farm မယ့် carry တစ်ကောင်ကို တွဲထည့်ထားတဲ့ Tri Lane ဖြစ်ပါတယ်...
ဒီပုံစံကတော့ တွေ့ရများတဲ့ ပုံစံပါ... မိမိဘက်က nuker ၂ကောင်က တစ်ဖက် အသင်းရဲ့ carry ကို တိုက်ခိုက်တယ်
Neutral creep ဖြတ်ပေးတယ်.. carry က ရသမျှ ရှာစားတယ်... carry မသေအောင် ရင်းပေးတယ်...
တောထဲမှာ ချောင်းနေသလိုလို နဲ့ smoke သုံး|တခြားလမ်းကို သွားပတ် ပီး hero သတ်တယ်...
တစ်ဖက်အသင်းက Durable ပုံစံနဲ့ ဆိုရင်တော့ အားသာချက်တွေ ရှိပေမယ့် ...
တစ်ဖက်အသင်းက Gank လာမယ်ဆိုရင်တော့ မိမိဘက်က pure carry သာဖြစ်ရင် အလွန်အားနည်းသွားပါတယ်..
(ဒီပုံစံ ကစားကွက်က တစ်ဖက် အသင်းက Jungle ဖြစ်နေခဲ့ရင် ဒါမှမဟုတ် Lane Defence ပုံစံနဲ့ ဆော့မယ်ဆိုရင်
အသာစီး ရယူဖို့အတွက် ပွဲထုတ်လေ့ ရှိတဲ့ ကစားပုံ ဖြစ်ပါတယ်...
ဒါမှ မဟုတ် မိမိဘက်မှာ pick လိုက်တဲ့ carry တွေ များသွားခဲ့ရင် လုပ်လေ့ရှိတဲ့ ပုံစံ ဖြစ်ပါတယ်... )
ဥပမာ ... 2 carry < Drow + Beast > Rexxar ကို Tri လွှတ်ဖို့ မသင့်တော်လို့ Drow ကို Tri ထည့်ရတဲ့အခါ....
ဘယ်လိုအကြောင်းပြချက်တွေ ပဲ ပေးပေး ..
အဓိက ကတော့ Tri Lane မှာ အသာစီးရယူဖို့ ပဲဖြစ်ပါတယ်....
အသင်းတစ်သင်းရဲ့ Leader တစ်ယောက်ဟာ solo lane ၂ ခုအတွက် စဉ်းစားပေးရတဲ့အပြင်
Tri Lane အတွက်ပါ အသာစီးရယူဖို့ လိုအပ်တယ်ဆိုတာ Captain Mode Guide မှာ အကြံပြုခဲ့ပီးဖြစ်ပါတယ်..
ဒါဆို သင့်ရဲ့ Tri lane ကို ဘယ်လို အသာစီးရယူမလဲ .. ထပ်ပီး စဉ်းစားကြည့်ကြစို့ ...
မိမိရဲ့ Tri Lane က first blood ရသွားတယ်ဆိုရင် mid lane မှာနေတဲ့ solo hero ကို အားတက်စေမှာအမှန်ပါပဲ..
Tri Lane မှာ အမှန်တကယ် တိုက်ခိုက်နေရတဲ့ မိမိအသင်းသား ၃ ယောက်ဟာလဲ စိတ်အားတက်မှာ အမှန်ဖြစ်သလို
lvl သာလာတာနဲ့အမျှ Lane ကို ဖိနှိပ်နိုင်ဖို့ အခွင့်အလမ်းတွေ အမြောက်အများ ရှိလာမှာဖြစ်တဲ့အပြင်
Lane သာ Item မြန်မြန်ရ လမ်းမြန်မြန်ပတ်ရတော့ တစ်ခြားလမ်းက အသင်းသားတွေအတွက်လဲ အကျိုးရှိပြန်တယ်
ဒါကြောင့်ပဲ လူအများစုက Tri Lane အတွက်စဉ်းစားပီ ဆိုတာနဲ့ သတ်နိုင်ဖို့ .. ဖိနှိပ်နှိင်ဖို့ကို အဓိကထား
စဉ်းစားတာပါ
တိုက်စစ်သာလျှင် အကောင်းဆုံး ခံစစ်ဖြစ်သည် ဆိုတဲ့ စကားအတိုင်းပါပဲ ...
တိုက်စစ်သာ ကောင်းကောင်းထိုးနိုင်ရင် ပွဲအနိုင်ဘက်ကို ဦးတည်နေမှာ အမှန်ပါပဲ ...
ပွဲအခြေအနေ၊ Hero picking ၊ Hero Counter ၊ Late Game ၊ အစရှိတာတွေ စဉ်းစားမယ်ဆိုရင်တော့
ပွဲအစပိုင်းမှာ များများသတ်နိုင်ဖို့ကို စွန့်လွှတ်ရမှာပေါ့ ...
တကယ်လို့ သင့်ရဲ့ ကစားကွက်က တစ်ဖက်အသင်းကို များများသတ်ဖို့ ရည်ရွယ်ခဲ့တယ်ဆိုရင်တော့
ရိုးရှင်းပါတယ်...
များများ သတ်နိုင်မယ့် Tri Lane အကြောင်းကို စပြီး ဆွေးနွေးကြည့်ကြပါစို့ ....
အောက်မှာတော့ သင့်တော်လောက်မယ့် Tri Lane အချို့ကို ဥပမာ အဖြစ် ဖော်ပြပေးလိုက်ပါတယ်...
သင်တို့ရဲ့ စိတ်ကူးညဏ်ကွန့်မြူးမှုပေါ် မူတည်ပြီး အလွန်ကောင်းမွန် ပြည့်စုံတဲ့ Tri Lane ပေါင်းများစွာကိုလည်း
ထက်ပြီး စဉ်းစားနိုင်မယ်လို့ ယုံကြည်ပါတယ်...
များများစဉ်းစားပြီး များများအကျိုး ရှိကြပါစေ .... (^^)
▓▓▓▓▓▓▒▒▒▒▒▒░░░░░░░░░░▒▒▒▒▒▒▓▓▓▓▓▓
1. Vengiful + Rogue Knight + Crystal ( ◙ Gank Type ◙ )
ရိုးရှင်းပြီး သုံးရ အလွယ်ကူဆုံးနဲ့ ခေတ်အဆက်ဆက်သုံးစွဲလာတဲ့ Tri Lane ပုံစံပါ ...
Stun + Stun + Stun = Death လို့လဲ ပြောလို့ ရပါတယ်... ဘာကြောင့် ဒီပုံစံကို ပထမဆုံးအနေနဲ့ စပြောရတာလဲ
စဉ်းစားကြည့်ကြစို့ ...
တစ်ဖက်အသင်းနဲ့ သင့်အသင်း Tri ခြင်းဆုံတဲ့အခါမှာ သင်ဘယ်ဟီးရိုးကို အရင်ဆုံး သတ်မလဲ ... ??
Strength အနည်းဆုံး တစ်နည်းအားဖြင့် သွေးအနည်းဆုံးကောင်ကို ဦးစွာ တိုက်ခိုက်သင့်ပါတယ်...
ပြိုင်ပွဲအစမှာ သွေးနည်းတဲ့ ဟီးရိုး တစ်ကောင်ကို ပျှမ်းမျှ ၄၅၀ လို့ သတ်မှတ်ကြည့်ရအောင် ..
lvl 1 မှာ Magic Missile + Storm Bolt + Crystal Nova စုစုပေါင်း Damage = 100 + 100 + 100 (300) ရှိပါတယ်
Stun Spell နှစ်ခုရဲ့ စုစုပေါင်း ကြာချိန်က တစ်ခုပီး တစ်ခုသုံးမယ်ဆိုရင် 2 + 1.45 (3.45) ခန့်ရှိပါတယ်....
သင့်ရဲ့ spell ၃ခု သုံးပီး သင့်အသင်းသား ၃ ယောက်စလုံးက ပစ်မှတ်တစ်ခုတည်းကို အချိန်တိုတွင်းမှာ
အပျောက်ဖျောက်နိုင်တဲ့ အလားအလာ ကောင်းတွေ ရှိပါတယ်... မိမိ ဦးတည်ချက်အတိုင်း hero တစ်ကောင်ဟာ
လုပ်ကွက် တစ်ခုမှ မရှိပဲ သေသွားခဲ့မယ်ဆိုရင် ကျန်နှစ်ကောင် နဲ့ တိုက်ခိုက်ဖို့ အနည်းငယ်အခက်တွေ့သွားမှာပါ ...
lvl 2 ရောက်သွားရင် ပိုတောင် အဆင်ပြေသွားပါတယ်...
Storm Bolt-Attribute + Missile-Terror + Nova-Frost Bite စုစုပေါင်း Damage 423.75 ရှိပါတယ်...
Physical Damage တွေအပြင် Armor လျော့ထားတဲ့အတွက် ဒီထက်မက ထိဦးမှာပါ ...
Aoe Nuke Spell ၂ ခုတောင် ပါတဲ့အတွက် တစ်ကောင်တည်းကို ဦးတည်ပီး တိုက်တယ်လို့ ပြောလို့ မရပါဘူး ...
ဒီအပိုင်းမှာ Crystal ကို Brilliance Aura ကို ထည့်မစဉ်းစားပါဘူး .... crystal ရဲ့ lvl 3 က တကယ်ပဲ
အသုံးတည့်တာ မှန်ပါတယ်.. Tri Lane ကို ဖိနှိပ်မယ့် အသင်းဟာ တိုက်ခိုက်ဖို့ ပဲ ရွေးချယ်သင့်ပါတယ်
crystal ကို lvl 3 ယူခိုင်းတာဟာ crystal ကိုင်တဲ့ player ကို အထင်သေးခြင်းဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်
captain mode ပွဲတိုင်း crystal ကို ထည့်မသုံးကြပါဘူး .. crystal မပါတဲ့ ပွဲတွေတောင် mana ကို ဘယ်လို
လောက်ငှ အောင် သုံးနေကြလဲ ဆိုတာ မိမိကိုယ်တိုင် သိမှာပါ ...
ဒါကြောင့် crystal ယူတိုင်း lvl 3 ယူခိုင်းတာ ကောင်းတဲ့ အစီအစဉ်မဟုတ်ဘူးလို့ ထင်မိပါတယ်....
(ဒါပေမယ့် Frost Nova သုံးပြီး hero ချိန်စားတဲ့ crystal ကိုတော့ ကျွန်တော်တို့ အားလုံး အလိုမရှိပါဘူး :) ..... )
Strategy:
Sven >>>> Storm Bolt Casting Range = 600
Vengiful >>>> Magic Missile Casting Range = 500
Crystal >>>> Frost Bite Casting Range = 500
>>>> Crystal Nova Casting Range = 700
(casting range ဆိုတာကတော့ spell သုံးလို့ ရတဲ့ အကွာအဝေးကို ပြောတာပါ)
Battle ကို အစပြုဖို့ Crystal ရဲ့ Crystal Nova နဲ့ slow ထားစဉ် Sven က Physical Damage ဖြင့်တိုက်ခိုက်ဖို့
ရှေ့သို့သွားနေစဉ် Magic Missile နဲ့ Stun ထားနိုင်ပါတယ်... Sven ရဲ့ Storm Bolt ပီးနောက် Frost Bite ဖြင့်
ဆက်တိုက်ခိုက်နိုင်ပါတယ်...
သင်က ပြောစရာ ရှိနိုင်ပါတယ်.. "တစ်ဖက်အသင်းက ငုတ်တုတ်ထိုင်ကြည့်နေမှာမှ မဟုတ်တာ"
ဒါကတော့ သင့်ရဲ့ အသင်းသားများရဲ့ အရည်အချင်းနဲ့ ally စိတ်ဓါတ်ပေါ်မူတည်ပါတယ်..
ဒီ suggesstion ဟာ အသုံးတည့်မယ့် Tri Lane များကို ဆွေးနွေးပေးရုံမျှ ဖြစ်တဲ့အတွက် ...
ပြိုင်ပွဲအတွင်းမှာ အသုံးတည့်စွာတိုက်ခိုက်ဖို့ အတွက်ကတော့ သင်နဲ့ သင့်အသင်းသားများအပေါ်ပဲ မူတည်ပါတယ်....
For late game:
၁၀ မိနစ်ဝန်းကျင်လောက်မှာ ဒီ ၃ကောင်ဟာ ဘယ်လိုပဲ battle လိုက်ဆိုင်ဆိုင် .. battle တွဲလို့ ကောင်းမှာပါ ...
ဒီ Hero ၃ ကောင်ရဲ့ultimate မဟုတ်တဲ့ lvl တွေကို နောက်ဆုံးအဆင့်လို့ သတ်မှတ်ပီး တွက်ကြည့်ရအောင် ...
Sven >>>> Storm Bolt = 325 Damage + 2 second stun
>>>> Warcry = +16 armor + 12% Movement Speed
Vengiful >>>> Magic Missile = 325 Damage + 1.75 second stun
>>>> Terror = 75 Damage + 5 armor reduction
Crystal >>>> Frost Nova = 250 Damage + 5 second slow
>>>> Frost Bite = 210 Damage + 3 second Disable
_________________________________________________________
Total >>>> = 1185 Damage + 6.75 Disable + 5 second Slow + 5 armor Reduce
(+)16 armor + 12% MS (2 Aoe nuke+2 Aoe Aura)
ဒီမှာ တွက်ပြထားတာက ဟီးရိုးတစ်ကောင် တည်းကို တိုက်ခိုက်ဖို့ တွက်ပြတာမဟုတ်ပါဘူး ..
ဒီ Hero ၃ ကောင်ကနေ ရရှိနိုင်မယ့် အကျိုးအမြတ်အားလုံးကို မြင်သာအောင် ပြထားတာဖြစ်ပါတယ်....
stun, Nuke တွေ အမြောက်အများပါတဲ့အတွက် tri lane ဖွဲ့စရာ မလိုတော့တဲ့ နောက်ပိုင်းအချိန်မှာတောင်
ကြိုက်နှစ်သက်ရာ လမ်းကို ကြိုက်နှစ်သက်ရာ ၂ ကောင်အတွဲနှင့်တိုက်ခိုက်နိုင်ရုံမျှမက
God Strength >>>> Push, Press
Nether Swap >>>> Support, Kill, Ally Survive
Freezing Field >>>> Powerful Aoe Nuke, Slow
အစရှိသလိုဖြစ်တဲ့ အတွက် နောက်ပိုင်းအချိန်ထိ မျှတတဲ့ hero ၃ကောင်ကို တွဲပေးထားရာလဲ ရောက်ပါတယ်...
လူကြိုက်များတဲ့အပြင် ဘယ် hero မဆို အဆင်ပြေပြေ ကိုင်နိုင်မယ့်အတွက်
ပထမဆုံး Tri lane အနေနဲ့ ဦးဆုံး ဆွေးနွေးခြင်းဖြစ်ပါတယ်....
Suggest Teams,
1. Vengiful + Rogue Knight + Crystal + Harbinger + Invoker
2. Vengiful + Rogue Knight + Crystal + Tiny + Dragon Knight
3. Vengiful + Rogue Knight + Crystal + Puck + Luna Moonfang
▓▓▓▓▓▓▒▒▒▒▒▒░░░░░░░░░░▒▒▒▒▒▒▓▓▓▓▓▓
2. Undying + Crystal + Nerubian Weaver ( ♂ Battle Type ♂)
ဒီပုံစံကတော့ အလွန်ကို ကောင်းမွန်တဲ့ အတွဲလို့ ပြောလို့ ရအောင် အဆင်ပြေပါတယ်... စဉ်းစားကြည့်ရအောင်
အရင်ကလဲ ဒီ Tri Lane ပုံစံကို ဆွေးနွေးဖူးပါတယ်.. သုံးလို့ သင့်တင့်တယ်ဆိုပေမယ့် perfect တော့ မဟုတ်ပါဘူး
Tri Lane တစ်ခုကို ဖွဲ့စည်းတည်ဆောက်ပြီး ပထမဆုံး စဉ်းစားရမှာက ဘယ်လို hero kill ရမလဲ ဆိုတာပါပဲ
ထုံးစံအတိုင်း HP အနည်းဆုံး Hero ကို တိုက်ခိုက်ကြပါစို့ ...
ဒီ Tri Lane ပုံစံကတော့ တစ်ကောင်ကို ဦးတည်ပြီး တိုက်ခိုက်တဲ့ ပုံစံမဟုတ်ပဲ တစ်သင်းလုံးကို ဦးတည်ပြီး
တိုက်ခိုက်တဲ့ ပုံစံပဲဖြစ်ပါတယ်... ဒီ tri lane အကြောင်းကိုလဲ ဆွေးနွေးခဲ့ဖူးပါတယ်...
lvl 1 မှာ Tombstone + Crystal Nova + The Swarm စတဲ့ spell ၃ ခုစလုံးဟာ aoe spell တွေ ဖြစ်ပါတယ်..
stun တစ်ခုမှ မပါလို့ သင်က မနှစ်သက်စရာအကြောင်းတော့ရှိမယ်... ဒါပေမယ့် ဆက်စဉ်းစားကြည့်ရအောင် ..
Professtional player တွေကတော့ tombstone ထက် decay နဲ့ lvl 1 ကို စတင်ကြပါတယ်..
အကြောင်းက Decay ဟာ lvl 1 မှာတင် အတိုက်ခိုက်ခံရတဲ့ ရန်သူရဲ့ strength 4 ကို စုတ်ယူလိုက်ပါတယ်..
strength 4 = 76 hp နဲ့ ညီမျှပြီး aoe အတွင်းမှာ hero ၂ ကောင်ကို တိုက်ခိုက်နိုင်ခဲ့မယ်ဆိုရင်
undying မှာ hp 152 ရရှိနေမှာပါ .. ၃ ကောင်ဆိုရင် hp 228 ပါ ... first blood battle အတွက်
အကောင်းမွန်ဆုံး tanker တစ်ကောင်အဖြစ်အနေနဲ့ ရှိစေပါတယ်...
အောက်က tri lane အတွက်ကိုတော့ tombstone နဲ့ စဉ်းစားရတဲ့အကြောင်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်..
Tombstone ရဲ့ အားသာချက်ကနေ စပီး စဉ်းစားကြည့်ပါမယ်..
lvl 1 မှာ aoe 400 နဲ့ Deathlust ဖြစ်ဖို့ HP 100 သို့မဟုတ် 5% လိုအပ်ပါတယ်...
Deathlust ဖြစ်သွားပီဆိုရင် zombie တွေရဲ့ တိုက်ခိုက်ချက်တိုင်းဟာ အတိုက်ခိုက်ခံရတဲ့ hero ရဲ့
တိုက်ခိုက်ချက်တိုင်းမှာ ရန်သူရဲ့ movement speed ကို 7% ဆီ လျော့စေပါတယ်....
Crystal Nova ကတော့ Damage 100 နဲ့ movement speed 30% slow ပါတယ်...
The Swarm က 8 second အထိ ကြာပီး 1.35 second တိုင်းမှာ 1 armor လျော့ပီး 15 damage စီထိပါတယ်..
Battle ဖြစ်ဖို့ အခွင့်အရေး (ရန်သူ့hero များ ပူးကပ်သွားသည့်အချိန်) ရောက်ပီ ဆိုတာနဲ့ တစ်ပြိုင်နက်
မှန်ကန်တဲ့ ပုံစံအစဉ်လိုက်အတိုင်းတိုက်ခိုက်နိုင်ခဲ့မယ်ဆိုရင် ကောင်းမွန်တဲ့ slow combo တစ်ခုအပြင်
reduce armor နဲ့ DPS တွေကြောင့် တစ်ဖက်အသင်းကို ဖယိုဖရဲ ဖြစ်စေမှာ သေချာပါတယ်..
ဒီ tri lane ကတော့ အဓိက hero ကို lvl ပေးတဲ့ ပုံစံမဟုတ်ပဲ အားလုံး lvl တူတူ ယူတဲ့ ပုံစံနဲ့ တိုက်ခိုက်စေတယ်
အကြောင်းကတော့ ဒီ Tri lane ပုံစံဟာ ချောင်းမြောင်းတိုက်ခိုက်တဲ့ ပုံစံ မဟုတ်တဲ့အတွက် ဖြစ်ပါတယ်
lvl 2 ကို ရောက်သွားတဲ့အချိန်မှာ အလွန်အားသာတဲ့ battle ပုံစံအနေနဲ့ ရှိနေပါပီ ..
Tomestone - Decay + Nova - Frostbite + The Swarm - Shukuchi = damage 371 အထိရှိပီး
နောက်ပိုင်း ဆက်တိုက်ထိမယ့် DPS (Damage per second) တွေလဲ ရှိနေတဲ့အတွက်
3 vs 3 ဒါမှမဟုတ် 3 vs 4 အထိတောင် တိုက်ခိုက်နိုင်တဲ့အခြေအနေ မှာ ရှိပါတယ်...
အစုလိုက်အပြုံလိုက် တိုက်ခိုက်ဖို့အခွင့်သာပီဆိုတာနဲ့ ကောင်းမွန်တဲ့ နေရာယူမှုကိုလည်း ရရှိနိုင်တဲ့ Tri ဖြစ်ပါတယ်
Strategy:
ဥပမာ မိမိအသင်းက Scourge လို့ သတ်မှတ်ပီး အောက်လမ်းမှာ Tri ဆိုင်ရတယ်လို့ စဉ်းစားကြည့်ပါဆို့....
--------------------------------------------------------------------------------
---------------------| crystal |-----------------------------------------------
---------------------| Undying |----------------------------------------------

------------| X |--------| X |--------------------------------------
-----------------------| X |-----------|Tombstone|-------------------

---------------------| weaver |-----(shukuchi)------------------------------

တစ်ဖက်အသင်း သတိလက်လွတ်ဖြစ်သွားမယ့် အချိန် (တစ်စုတစ်စည်းတဲ့ ဖြစ်သွားမယ့်အချိန်) မှာ
The Swarm >>> Tombstone >>> Decay + Nova >>> Shukuchi >>> စတဲ့ပုံစံနဲ့ တိုက်ခိုက်ပီး
အပေါ်မှာ ပြထားတဲ့ ပုံစံနဲ့ နေရာယူပီး အားအနည်းဆုံးဖြစ်သွားတဲ့ တစ်ဖက်ရန်သူတစ်ကောင်တည်းကို
ဦးတည်ပီး တိုက်ခိုက်လိုက်မယ်ဆိုရင် ၁ကောင်လျော့သွားမယ့် တစ်ဖက် Tri ကို Slow သတ်ရောက်မှု
ရှိနေတဲ့အတွက် ကျန်တဲ့ ၂ ကောင်ကိုပါ ဆက်လက်တိုက်ခိုက်နိုင်မှာပါ ....
ဒီ Tri မှာ Weaver ကိုင်တဲ့ player က အခရာ ကျပါတယ်.... :)
အားနည်းချက်တစ်ခုကတော့ သင့်ရဲ့ ဒီ Tri ဟာ တစ်ဖက်အသင်းရဲ့ solo lane survive hero (Warlock, QOP,
Puck ) အစရှိတဲ့ ပုံစံနဲ့ တွေ့သွားမယ်ဆိုရင်တော့ လမ်းပြောင်းလိုက်တာ အကောင်းဆုံးဖြစ်မှာပါ ..
အကြောင်းကတော့ Undying နဲ့ Crystal က တစ်ဖက် hero တစ်ကောင်တည်းကို သတ်ဖို့ အဆင်မပြေလို့ပါ ...
အဓိကအချက် ** မိမိဘက် လမ်းသာမယ့် အခြေအနေဖြစ်လေ ကောင်းလေပါပဲ ...

လေ့ကျင့်ရင်းနဲ့တော့ perfect ဖြစ်လာမှာပါ ...... :)
For Late Game:

Undying >>>> Decay = 160 Damage + 4 strength Removal
>>>> Tombstone = 37 - 45 DPA + 7 % movement slow per attack
>>>> Soul Rip = Max 500 Damage + (Heal)

Weaver >>>> The Swarm = 420 Damage + Max 14 armor Reduce
>>>>Shukuchi = 120 Damage + Escape
__________________________________________________________________________
1660 Damage + Slow + Disable + Armor reduce + Escape + 3 aoe
ကောင်းမွန်တဲ့ Tanker, Durable တစ်ကောင် ပါဝင်တဲ့အပြင် 1 supporter + 1 carry ဖြစ်တဲ့အတွက်
ပွဲစဉ်နောက်ပိုင်း အတွက် ကောင်းမွန်တဲ့ ပုံစံလဲ ဖြစ်ပါတယ်... သင်က fighter ၂ကောင် flow သုံးမယ်ဆိုရင်
mid lane က ဖိုက်တာ ကြမ်းမလာရင်တောင် second striker weaver ကြမ်းလာဖို့ ဖြစ်နိုင်ပါသေးတယ်
weaver ဆော့တဲ့ player ပေါ်ထားတဲ့ ယုံကြည်စိတ်ချရမှုပေါ်မူတည်ပြီး
Time Lapse >>>> Survive, Trick
Flesh Golem >>>> Tank, Slow, Amplification

ဖြစ်တဲ့အတွက် ကောင်းပါတယ်... တကယ်ကောင်းတဲ့ Tri လို့ပဲ ပြောပါရစေ ...
Crystal က အရေးကြီးရန်သူကို ဖမ်းမယ်
Undying က tombstone ချပီး Battle အလယ်က ရန်သူ့ hero တွေကို လိုက်ကပ်မယ် ..
Weaver ကတော့ လိုက်ကောက်မယ်ပေါ့ ...
Spell ကြမ်းပြီး Hp နည်းတဲ့ hero တွေ (Ancient, Lion, Shaman )
Spamming spell တွေကြောင့် Battle ကြာကြာဝင်မယ့် hero တွေ (Gyro, Slayer, Dragonus, Jakiro )
စတဲ့ hero တွေအတွက် counter လုပ်ဖို့ သင့်တော်ပါတယ်...
ပွဲနောက်ပိုင်းမှာ တစ်ယောက်ဆီရဲ့ တာဝန်က အလှည့်ကျမဟုတ်ပဲ ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်ရတာဆိုတော့
ကိုင်ရတာပါ သင့်တော်မယ့် tri လို့ပဲ အကြံပြုချင်ပါတယ်....
Suggest Teams,
1. Undying + Crystal + Nerubian Weaver + Warlock + Void
2. Undying + Crystal + Nerubian Weaver + QOP + Darkseer
3. Undying + Crystal + Nerubian Weaver + Tormented Soul + Maganus▓▓▓▓▓▓▒▒▒▒▒▒░░░░░░░░░░▒▒▒▒▒▒▓▓▓▓▓▓
ကျေးဇူးတင်ပါတယ်

No comments:
Post a Comment