Monday, August 5, 2013

Dota မှာ Shadow Demon spell တွေနဲ့ ဘယ်လိုတွဲဆော့သင့်တယ်ဆိုတာ

ဒီတစ်ခါ Shadow demon spell အကြောင်းလေးနော်
3. Tri with Eredar (The Shadow Demon) ( Hero Base Type  )

Strategy:
ဒီအပိုင်းမှာတော့ ဘယ်အကြောင်းမှ မပြောခင် Eredar (Shadow Demon)နဲ့ ပတ်သတ်တဲ့ အချက်အလက်အချို့ကို
ဆွေးနွေးကြည့်ရအောင် ... ဒါဟာ Shadow demon နဲ့ပတ်သတ်ပြီး သိလျက်သားနဲ့ နားလည
်မှုလွဲနေတာတွေ
ပြေလည်စေပြီး ပိုပြီးလဲ စဉ်းစားမိစေဖို့ ရည်ရွယ်ပါတယ်... Shadow Demon ကို ကိုင်တွယ်အသုံးပြုတဲ့သူ
တော်တော်များများတော့ သိပြီးသားတွေ ဖြစ်မယ်ဆိုတာ သေချာပါတယ်... (^^)


Disruption: Disruption ဟာ 2.5 second ခဏ ဥထားပီးတဲ့နောက်မှာ illusion ၂ကောင် ပေါ်လာပါတယ်..
lvl တစ်ဆင့်ဆီယူလိုက်တဲ့အခါ ပြောင်းလဲသွားတာတွေကတော့
illusion တွေရဲ့ ကြာချိန် 5/6/7/8 second ဖြစ်သွားပြီးတော့ illusion တစ်ကောင်ချင်းဆီရဲ့ Damage Deal ဟာ
30%/40%/50%/60% ဆီတိုးလာတာပါ ... ဥပမာ အဥခံရတဲ့ hero မှာ Damage 100 ရှိတယ်ဆိုပါစို့
lvl 4 ဆင့် 60% ထိတဲ့ illusion တစ်ကောင်ရဲ့ တိုက်ခိုက်ချက်က Damage 60 ရှိပါတယ်
၂ကောင်ဆိုတော့ Damage 120 ပေါ့ ... အရမ်းကြမ်းတဲ့ တစ်ဖက် hero ကို ပြန်တိုက်ခိုက်ဖို့ အသုံးတည့်ပါတယ်.
ဒါကြောင့် ဒီ spell ဟာ အစောပိုင်းမှာ ကုန်အောင် မယူသင့်ပါဘူး...
နောက်ပိုင်း ပွဲကြမ်းလာပြီး တစ်ဖက် hero BKB ပီးအောင် မဆက်ခင်မှာ တိုက်ခိုက်ဖို့အဆင်ပြေပါတယ်....
များများယူရင်တော့ cooldown တော့ ကျသွားပါတယ်...

Soul Catcher: အဆင့်လေးဆင့်မှာ Damage Amplification 20% /30% /40% /50% တိုးသွားပါတယ်...
သဘောကတော့ အဲ့ဒီ့ buff သတ်ရောက်နေတဲ့ 12 second မှာ အဆိုပါ hero ပေါ်သတ်ရောက်သမျှ
Damage တွေဟာ 50% ဆီတိုးနေမှာ ဖြစ်ပါတယ်...
ဥပမာ Soul Catcher မိထားတဲ့ ရန်သူဟီးရိုးက hp 2000 ရှိတယ်ဆိုပါစို့ ..
အဲ့ဒီ့ hero ကို သင့်ဘက်က lion က Aghanim Sceptor (အပြာချောင်း) နဲ့ Finger of Death (lvl6)ထိုးမယ်...
Damage 1025 နဲ့တိုက်ခိုက်တယ်ဆိုပေမယ့် Soul Catcher buff ကြောင့် Damage 1025 အစား
အပိုစောင်း အနေနဲ့ Damage 513 ပိုထိမှာပါ .. စုစုပေါင်း 1538 Damage ထိမှာပါ ...
mana လေး 80 လောက် အကုန်ခံပြီးသုံးရတဲ့ Soul Catcher ဟာ Damage အမြောက်အများကို ထိစေမှာပါ ...
တစ်ခုတည်း မဟုတ်ပါဘူး ... 12 second အတွင်းမှာ သတ်ရောက်သမျှ Damage တိုင်းကို တိုးစေမှာပါ ...
Cooldown 13 second ပဲ ရှိတဲ့ ဒီ spell ဟာ အနည်းငယ်တော့ over ဖြစ်နေပါတယ်...
အရမ်း အားသာတဲ့ ဒီ spell မှာ အားနည်းချက်တစ်ခုတော့ ရှိပါတယ်...
သတိထားရမယ့် အချက်က Soul Catcher ဟာ Aoe 450 အတွင်းက ရှိသမျှ unit တွေထဲက
တစ်ကောင်ကိုပဲ သတ်ရောက်မှာ ဖြစ်တယ်... Random သတ်ရောက်တာပါ ...
အ၀ိုင်းရဲ့ အလည်တည့်တည့်ထားပြီး သုံးတာဟာ အဲ့ဒီအ၀ိုင်းမှာ တခြာuးnit တွေပါနေရင် သွားထိနိုင်ပါတယ်.....
unit တွေ ရှိရှိ မရှိရှိ အဖျားခပ်ပြီး သုံးတာ သင့်လျော်ပါတယ်.... ကျိန်းသေသွားအောင်ပါ ...
ဒါကြောင့် Soul catcher သုံးတဲ့ Player တွေက သစ်ပင်တွေဘက်.အစွန်းဘက်ကို တည်ပြီး သုံးတာ ဖြစ်ပါတယ်...
သစ်ပင်တွေဘက်မှာ တစ်ခြား unit တွေ မရှိနိုင်တဲ့ အတွက် Effect သတ်ရောက်စေလိုတဲ့ hero တစ်ကောင်ကိုပဲ
အဖျားခပ်ပြီး သုံးနေကြတာ ဖြစ်ပါတယ်.... အဲ့ဒါကိုတော့ သတိထားပြီးသုံးစေချင်ပါတယ်...
မိမိသုံးပြီးတိုင်း ဘယ်ကို သတ်ရောက်သွားလဲဆိုတာတော့ ကိုယ့်ဘာသာ ပြန်သတိထားကြည့်စေချင်ပါတယ်..

Shadow Poison: ဘယ်နှစ်ဆင့်ပဲ ယူယူ cooldown 3 second ပဲ ရှိပြီး mana cost 50 ကနေမပြောင်းလဲတဲ့
Shadow Poison ဟာ stacking ဖြစ်ဖို့ အချိန် 10 second တောင် အချိန်ရပါတယ်...
အဲ့ဒါက သင်ပထမတစ်ချက် ရန်သူကို ထိအောင်ပစ်နိုင်ပြီး နောက်တစ်ချက်မထိလို့ စိတ်မညစ်ပါနဲ့
၁၀ စက္ကန့်အတွင်းမှာ ထိအောင်ထက်ပစ်နိုင်မယ်ဆိုရင် stucking ဖြစ်မှာ ကျိန်းသေပါတယ်...
သင်သုံးလိုက်တဲ့ အချက်တိုင်း
ထိခဲ့တာနဲ့ အမျှ ခေါင်းပေါ်မှာ +1 ဆီတိုးလာမှာကိုတော့ အားလုံးသိပြီးသား ဖြစ်ပါတယ်...
အဲ့လို တစ်ချက်ထိတိုင်း Damage 50 ဆီတိုးလာပြီး နောက်ဆုံးမှာ အများကြီးထိသွားပါတယ်...
ဒါပေမယ့် ထူးခြားချက်တစ်ခုကတော့ ပထမ ၄ချက်မှာ သတ်ရောက်တာက နှစ်ဆ ဖြစ်နေတာပါ ..
အကျိုးပိုရှိသွားအောင် အသေးစိတ် လေ့လာကြည့်ရအောင် ...
ဥပမာ ပြောရရင် ... Shadow Poison ကို တစ်ဆင့်ပဲ ယူထားတယ်ဆိုပါဆို့ ...
ပထမဆုံး လေးချက်မှာ စုသွားတဲ့ Damage က 20/40/80/160 ဖြစ်ပြီး နောက်ဆက်သုံးသမျှ 50 ဆီစုသွားပါတယ်
၂ဆင့်ယူထားပြီးရင်တော့ 35/70/140/280 - 330/380/430/480/530/580 ဆိုပြီးတိုးသွားမှာပါ
၃ဆင့်ယူထားပြီးရင်တော့ 50/100/200/400 - 450/500/550/600/650/700 ဆိုပြီးတိုးသွားမယ်....
၎ဆင့်မှာတော့ 65/130/260/520 - 570/620/670/720/770/820 ဆိုတဲ့ အတိုင်းတိုးသွားမှာပါ ...
အကြောင်းကတော့ lvl 4 ဆင့်နဲ့ တွက်ကြည့်မယ်ဆိုရင် ပထမဆုံး stack မှာ Dmg 65 /
65 ရဲ့ ၂ဆ 130 / 130 ရဲ့ ၂ဆ 260 / 260 ရဲ့ ၂ဆ 520 ဆိုတဲ့ ပုံစံနဲ့ သွားတာပါ ... အဲ့လို လေးချက် စုပြီး
နောက်ပိုင်း သင်ဆက်စုသမျှဟာ 50 ဆီပဲ တိုးတော့မှာပါ .. လေးချက်လောက်စုလိုက်ရင်တောင် သုံးဖို့တန်နေပါပြီ..
အဲ့ဒါကြောင့် အပေါ်မှာ ပြထားတဲ့ "-" သင်္ကေတဟာ ပထမ ၄ ချက်ပြီး ဆက်တင်မယ့် Dmg ကိုပြောတာဖြစ်ပြီး
နောက်ဘက်က Damage တွေကတော့  50 ဆီတိုးသွားတာကို ဖော်ပြထားတာပါ ...
Shadow Demon ကို ကိုင်တဲ့အခါမှာ Shadow Poison ကို တစ်ချက်လောက် လေ့လာကြည့်စေချင်ပါတယ်..
အဲ့ဒီ့မှာ 20 Damage exponentially / 35 Damage exponentially / 50 Damage exponentially /
65 Damage exponentially ဆိုတာပထမဆုံး ၄ချက်မှာ ၂ဆဆီတိုးသွားမယ့် အခြေခံ Dmg ကိုပြောတာဖြစ်ပါတယ်

Demonic Purge: Mana Cost နဲ့ cooldown မပြောင်းလဲတဲ့ ultimate ဖြစ်တဲ့အပြင် အသုံးအလွန်တည့်ပါတယ်...
အသုံးခံရတဲ့ ရန်သူရဲ့ အကျိုးပြု buff (Double Damage, Haste, Empower,etc.. ) အစရှိတဲ့ positive buff တွေကို
ချက်ချင်းပျက်စီးစေပါတယ်... magic immuse unit တွေကိုပါ သုံးလို့ရတဲ့ Demonic Purge ဟာ stun မဖြစ်ပေမယ့်
တစ်ဖက် အသင်းရဲ့ Fighter ကို အဟန့်အတားဖြစ်စေပါတယ်... movement speed အပြင် attack speed ပါ
slow ဆွဲတဲ့အတွက် Dragon Knight ကဲ့သို့ battle ကြားထဲ ၀င်ပြီး BKB နဲ့ တိုက်ခိုက်တဲ့ ကောင်မျိုးကို
အနည်းငယ် ဟန့်တားထားလို့ရပါတယ်... စုစုပေါင်း ကြာချိန်က ၅ စက္ကန့်ရှိပါတယ်...
ပထမ ၂ စက္ကန့်မှာ ရပ်သွားတယ်လို့ ပြောလို့ရအောင် Movement speed နဲ့ attack speed ကို 90% အထိ
လျော့ချထားပြီး ကျန်တဲ့ ၃စက္ကန့်မှာတော့ ကိုယ်ယူထားတဲ့ အဆင့်အလိုက် effect ဆက်ဖြစ်နေမှာပါ ...

ဒီအပိုင်းမှာ အဓိက အကြောင်းအရာကတော့ Shadow Demon ရဲ့ spell တွေကို လေ့လာပြီး
ဘယ်လို hero မျိုးနဲ့ တွဲပြီး Tri lane လွှတ်မလဲဆိုတာကို စဉ်းစားဖို့ ရည်ရွယ်ပါတယ်...
Shadow Demon ဟာ Mid lane မှာ တစ်ဖက်က ရန်သူ့ ဖိုက်တာ ကြမ်းကြမ်း(Clinkz, Drow) ကို
ထိမ်းထားနိုင်တဲ့ အပြင် သူ့ရဲ့ spell တွေက အနည်းငယ် OP ဖြစ်နေပါတယ်...
ဒါကြောင့်လဲ ban ခံရတာပေါ့ ...
Shadow Demon ကို Tri lane လွှတ်တော့မယ်ဆိုရင် သူ့ရဲ့ အားသာချက်က ရန်သူကို stun တာမဟုတ်ပဲ
၂.၅ စက္ကန့်လောက်ထိန်းထားလို့ရတဲ့ အပြင် ally ကိုလဲ ကာကွယ်ပေးလို့ရပါတယ်...
ဒီတော့ သူ့ရဲ့ Disruption ဟာ skill နဲ့ သုံးရတဲ့ကောင်တွေ (Target Spell) မသုံးရတဲ့ကောင်တွေနဲ့
တွဲပေးလို့ သင့်တော်ပါတယ်..
ဒါက အထင်သေးတာမဟုတ်ပါဘူး... တိကျအောင် လုပ်တာ ဖြစ်ပါတယ်...
Professional ပွဲတွေမှာ တွေ့နေရတဲ့ ပုံစံဖြစ်ပါတယ်...
ဥပမာ Kunkka ရဲ့ Torrent ဟာ သုံးပြီးနောက် ၂ စက္ကန့်အကြာမှာ ရေပေါက်ပါတယ်...
တစ်ဖက်လူက အရမ်းအတွေးအခေါ်ကောင်းတဲ့ အခါ ... ဒါမှမဟုတ်
တစ်ဖက်လူက ဘာမှမစဉ်းစားပဲ လုပ်ချင်ရာ လုပ်လိုက်တဲ့အခါမှာ ရေထောင်တာ လွဲတက်ပါတယ်..
ဒီတော့ Disruption သုံးထားတဲ့ကောင်ကို အချိန်ကိုက် ရေထောင်ရင် အဆင်ပြေမှာပါ ...
Slardar ရဲ့ Slithereen Crush,
Sand King ရဲ့ Burrow Strike,
Jakiro ရဲ့ Ice Path,
Slayer ရဲ့ Light Strike Array
Invoker ရဲ့ Sunstrike အစရှိတဲ့ လွဲချော်နိုင်တဲ့ spell တွေကိုတော့ သေချာ ထိအောင် သုံးဖို့ တွဲသုံးနိုင်ပါတယ်...
တစ်ဖက်က ရန်သူက သတ်ရခက်အောင် hp များတဲ့အခါ သို့မဟုတ် အရမ်းမာတောင်နေတဲ့အခါ
Soul Catcher ဟာ mana 80 တည်းနဲ့ ထိအောင် သုံးပေးလိုက်ရင် Dmg Amplification 50% တက်သွားမှာပါ
Shadow Demon + 1 hitter အတွဲနဲ့တင် တစ်ဖက်အသင်းရဲ့ Farmer တစ်ကောင်ကို အချိန်တိုအတွင်း
ဖျောက်ပစ်နိုင်ပါတယ်... G7 vs Zerohour ပွဲမှာ vrkat နဲ့ ShowT ရဲ့ Shadow Demon + Rogue Knight အတွဲနဲ့
တစ်ဖက်အသင်းရဲ့ Farmer Alchemist ကို ၄ စက္ကန့်တည်းနဲ့ အပျောက် လိုက်ဖျောက်ခဲ့ပါတယ်...
hero ၃ ကောင်လောက် မြေပုံမှာ ပေါ်နေတဲ့အတွက် Alchemist က စိတ်ချလက်ချ Farm နေတာကို
အခွင့်ကောင်းယူခဲ့တယ်ပဲ ပြောရမှာပါ... နှစ်ကောင်တည်း ပျောက်နေတော့ ဘယ်ထင်မလဲ...
Soul Catcher လေး တစ်ခုကြောင့် ပွဲအပြောင်းအလဲကို တောင် ဖြစ်ပေါ်စေပါတယ်...
ulitmate ဖြစ်တဲ့ Demonic Purge ဟာလဲ Magic Immuse unit တွေကိုပါ ထိတဲ့အတွက်
တစ်ဖက်အသင်းရဲ့ BKB Fighter (N'aix) attack speed မြန်မြန်နဲ့ ညှော်တဲ့ Fighter (Drow)
Omni Knight ရဲ့ reple shield အစရှိတဲ့ positive buff တွေကို click ၁ချက်တည်းနဲ့ ပျောက်သွားစေနိုင်ပါတယ်...

ဒါက Shadow Demon ရဲ့ ကောင်းကွက်တွေကို ကြိုက်လို့ ရွေးပြောသွားတာ မဟုတ်ပါဘူး
DotA all Star ဖြစ်တဲ့အတွက် hero တိုင်း hero တိုင်းမှာ ကောင်းကွက်တွေ ရှိနေပါတယ်...
hero တစ်ကောင်ချင်းဆီရဲ့ ကောင်းကွက်တွေကနေ ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ စဉ်းစားစေချင်လို့ ဖြစ်ပါတယ်

hero တစ်ကောင်အပေါ်ကနေ သင့်အသင်းအတွက်ရရှိမယ့် ကောင်းကွက်တွေကို
လေးလေးနက်နက် စဉ်းစားရင်း အကျိုးရှိစေချင်လို့ပါ ...

ဒါဆိုရင် Shadow Demon နဲ့ တွဲဖို့ Tri Lane လေး ၁ ခုလောက် စဉ်းစားကြည့်ရအောင် ...

Shadow Demon + Slardar + Jakiro
Flexable (ပြောင်းလွယ်ပြင်လွယ်) အဖြစ်ဆုံး ပုံစံတွေထဲက တစ်ခု အပါအ၀င်ဖြစ်ပြီး ပွဲအစောပိုင်း ပွဲအလယ် ပွဲအဆုံး
အထိ အသုံးဝယ်တဲ့ ပုံစံ ဖြစ်ပါတယ်.. ခက်တာတစ်ခုကတော့ ဒီ hero တွေက ရဖို့ အနည်းငယ်ခက်ခဲပါတယ်..
ပြည်တွင်းပွဲတွေမှာ တွေ့ရလေ့ရှိတဲ့ Slardar , ban ပစ်ရလောက်အောင် spell ကြမ်းတွေပါတဲ့ Eredar
လူသုံးများလာပြီး nuke spell တွေနဲ့ ဖွဲ့စည်းထားတဲ့ Jakiro ဒီ၃ကောင်ကို tri တစ်လမ်းတည်းကို ပူးထည့်လိုက်တာပါ
ဒီ Tri မှာတော့ သတ်မှတ်ချက် မျိုးစုံလုပ်လို့ ရပါတယ်... Stun + Stun + Stun = Death ဖြစ်သလို
Slardar ကို Farm ဖို့ထားပြီး Jakiro + Eredar က တစ်ဖက် solo ကို တိုက်ခိုက်နိုင်သလို
အခြေအနေအရ lane change ဖို့လဲ အဆင်ပြေနေတဲ့ အတွက် အတွဲကောင်းတစ်ခုလို့ ပြောပါရစေ ...

lvl 1 မှာ တစ်ဖက် ရန်သူ hero တစ်ကောင် ကို စိတ်ချလက်ချ ဖမ်းထားလို့ရတဲ့ spell အတွဲကို
Jakiro နဲ့ Eredar က ပိုင်ဆိုင်ထားပါတယ်... Disruption + Ice Path က ရန်သူ တစ်ကောင်ကို ဖမ်းထားပြီး
ဝိုင်းမတိုက်ခိုက်ခင် နေရာကောင်းကောင်းယူဖို့ အချိန် 2.5 second ရှိပါတယ် .. အဲ့ဒီ့ Disruption မိနေတဲ့
ရန်သူ့ hero ကို Ice Path ခင်းပြီး ဖမ်းနိုင်ခဲ့ရင် နောက်ထပ် 1 second ၀ိုင်းဝန်းပြီး တိုက်ခိုက်နိုင်ဦးမှာပါ ...
2.5 second လောက် Disruption ထဲမှာ မိနေစဉ် Sladar က Slithereen Crush ထောင်းဖို့ ကောင်းကောင်း
နေရာယူလို့ ရပါတယ်.... 2.5 + 1 + 1 စုစုပေါင်း 4.5 second အထိ တစ်ဖက် ရန်သူကို ရပ်တန့်ထားနိုင်ပါတယ်

lvl 2 ရောက်ရင် မကောင်းတဲ့ tri ဆိုတာ မရှိသလောက်ပါပဲ .. ဒီ tri မှာလဲ အဲ့လိုပါပဲ
အစီအစဉ်ချပြီး ချောင်းမြောင်းတိုက်ခိုက်ဖို့အတွက် ကောင်းမွန်တဲ့အတွဲဖြစ်တဲ့အတွက် အကြီးအကျယ်ဒုက္ခပေးတဲ့
အတွဲဖြစ်မှာပါ ... Slardar က အေးဆေး farm လို့ရပါတယ် .. Disable ၂ ကောင်က တာဝန်ကျေရင် ရပါပီ
Disruption - Soul Catcher + Ice Path - Dual Breath + Slithereen Crush = 25 + 70 + 50 = 145 Damage
ဆိုပေမယ့် Disruption က illusion ၂ကောင် နဲ့ Soul Cather ရဲ့ 20 % damage amplification ကို
ထည့်စဉ်းစားမယ်ဆိုရင် 189 - 203 Damage အထိရှိမှာပါ .. Range hero ၂ကောင်နဲ့ အနားကပ်နေတဲ့
Slardar တို့ရဲ့ Physical Damage ပေးလိုက်မယ်ဆိုရင် hero တစ်ကောင်ကိုတော့ လုံလုံလောက်လောက်
သတ်နိုင်မှာပါ ...

Demonic Purge     >>> Support , Disable
Macropyre           >>> Aoe Nuke,
Amplify Damage    >>> 20 Armor Reduce , True Sight , Vision

တစ်ဖက်က windwalk သုံးဖို့အလားအလာရှိတဲ့ hero တွေ ( Clinkz, Drow, Gondar )
Item အားကိုး ပြီးတိုက်ခိုက်လောက်တဲ့ hero တွေ ( Azwraith, Naga, N'aix )
မာပြီးတိုက်ခိုက်မယ့် hero တွေ (DK, Alchemist, Bristleback )
အဲ့လို hero တွေကို ပွဲနောက်ပိုင်းအတွက် counter လုပ်ဖို့ သင့်လျော်တဲ့ အတွဲလဲဖြစ်ပါတယ်...
ဒီလောက်ဆိုရင် Shadow Demon နဲ့ တွဲရင်း အကျိုးရှိမယ့် Tri Lane တွေကို စဉ်းစားမိမယ်လို့ ယုံကြည်ပါတယ်
တစ်ခါတစ်လေမှာ Tri ဆိုတာထက် hero တစ်ကောင်ပေါ် မူတည်ပြီး ပွဲထုတ်ရမယ့် အခြေအနေဆိုတာရှိမှာပါ ...
အောက်မှာတော့ Suggetion 3 ရဲ့ Shadow Demon နဲ့ တွဲထုတ်ဖို့ အကြံပြုလိုတဲ့ Team တွေပါ ..
(ရှေ့ ၃ ကောင်ကတော့ Tri Lane အတွက် ရည်ရွယ်ပါတယ်...)

Suggest Teams,
1. Shadow Demon + Rogue Knight + Jakiro + DK + Windrunner (G7)
2. Shadow Demon + Sand King + QOP + DK + Gyrocopter (Mski)
3. Shadow Demon + Kunkka + Jakiro + Nevermore + Nerubian Assassin
4. Shadow Demon + Slayer + Drow + Alchemist + Faerie Dragon
5. Shadow Demon + Tormented Soul + Earth Shaker + Drow + Pandaren Brewmaster

 

No comments:

Post a Comment

အားလုံးကိုခင်မင်လေးစားလျှက်ပါ တေဇာနည်းပညာ