4. Ancient Apparition + Venonmancer + N'aix ( $ Farming Type $ )
Farm မယ့် carry တစ်ကောင်ကို Range Support ၂ ကောင်နဲ့ တွဲထားတာဖြစ်ပါတယ်...
ဒီပုံစံက Suggestion 2 ကလို Battle တူတူ ၀င်မယ့် ရည်ရွယ်ချက် မဟုတ်ပါဘူး ..
တစ်ဖက်အသင်းက solo ကောင်ဆိုရင် Veno နဲ့ Ancient နှစ်ကောင်က တက်ချမယ် .. N'aix က Farm မယ် ..
သိပီးတဲ့အတိုင်းပါပဲ ... AA ရဲ့ Cold Feet ဟာ ၄ စက္ကန့်အတွင်း
Range 740 ကျော်အောင် မပြေးနိုင်ရင် ရေခဲ ခဲသွားမှာပါ ..
movement speed 300 ရှိတဲ့ ဟီးရိုးတစ်ကောင်ဟာ ၄ စက္ကန့်အတွင်း အကွာအဝေး 740 အေးဆေးသွားနိုင်ပါတယ်
ဒါကြောင့် ရိုးရှင်းတဲ့ Venomous gale ရဲ့ slow နဲ့ တွဲထားလိုက်တာပါ ...
စုစုပေါင်း အဆိပ် ၅ ချက်ကို ၁၅စက္ကန့်အတွင်း ထိစေတဲ့အပြင် ထိထိချင်းမှာ MS ကို 50% လျော့သွားစေပါတယ်..
ဒါကြောင့် ရန်သူက blink hero တွေနဲ့ Darkseer မဟုတ်ဘူးဆိုရင်တော့ ကျိန်းသေ ခဲမှာပါ ...
Range hero ၂ကောင်ဖြစ်တဲ့အတွက် Physical damage လဲ ပေးလို့ကောင်းပါတယ်..
ဒါ့အပြင် N'aix ရဲ့ Open Wounds ပါ သုံးပီး တိုက်ခိုက်မယ်ဆိုရင် 8 second ထပ်ပြီး slow ဆွဲဦးမှာပါ ..
Open Wounds ရဲ့ ၈ စက္ကန့် အတွင်း slow သက်ရောက်မှုက
70% / 70% / 60% / 50% / 30% / 10% / 10% / 10% ဆိုတဲ့အတိုင်း MS ကို လျော့သွားမှာပါ ..
ဒီအပိုင်းမှာ Open Wounds ရဲ့ သက်ရောက်မှုကို အနည်းငယ် ဆွေးနွေးချင်ပါတယ်...
တော်တော်များများက နားလည်မှုလွဲနေတဲ့ ဒီ spell အကြောင်းကို သိတဲ့လူတွေလဲ အများကြီး ရှိမှာပါ ..
Open Wounds:
ဘယ်နှစ်ဆင့်ပဲ ယူယူ slow ဆွဲတဲ့ ပုံစံက အပေါ်မှာ ပြထားတဲ့ အတိုင်းပဲ မပြောင်းလဲ ပါဘူး
၁ ဆင့်ပဲ ယူယူ ၄ ဆင့်ပဲ ပြီးအောင် ယူယူ slow တာက 70% / 70% / 60% / 50% / 30% / 10% / 10% / 10%
ပုံစံအတိုင်းပဲ ဖြစ်ပါတယ်.. များများယူလိုက်ရင် cooldown ကျသွားပြီးတော့ Heal-on-damage မြင့်လာပါတယ်
Heal-on-damage ဆိုတာကတော့ အဲ့ဒီ့ ၈ စက္ကန့်မှာ အသုံးခံထားရတဲ့ ရန်သူ့ ဟီးရိုးပေါ်
N'aix အပါအ၀င် N'aix ရဲ့ ally တွေ အကုန်လုံးက သတ်ရောက်သမျှ Damage မှာ Lifesteal effect ရသွားတာပါ ..
ထူးခြားတာက Lifesteal effect က spell Damage သုံးတဲ့ hero တွေပါ ရတာပါပဲ ..
ဆိုလိုတာက Open Wounds အတင်ခံထားရတဲ့ ကောင်ကို Damage ၀င်ပေးတဲ့ ally hero မှာ
Mask of Death မဆက်ထားရင်တောင် သွေးစုတ်တယ်ဆိုတဲ့ သဘောပါ ...
ဥပမာ : Lion ဟာ N'aix ရဲ့ ally ဆိုပါစို့ ...
Enemy ကို -dummy Centaur Warchief အဖြစ် ရွေးထားပါတယ်...
N'aix ရဲ့ Open Wounds တင်ထားတဲ့ Centaur ကို Physical ပစ်နေတဲ့ Lion ရဲ့ ကိုယ်မှာ
Lifesteal effect ၀င်နေတာကို တွေ့ရမှာပါ .. ပုံ-၁ မှာ တွေ့နိုင်ပါတယ်...
ပုံ-၂ မှာ Lion ရဲ့ Hp ဟာ 623 ရှိပါတယ် ..
ပုံ-၃ မှာတော့ Open Wounds အတင်ခံထားရတဲ့ Centaur ကို Lion ရဲ့ Finger of death ထိုးလိုက်တဲ့အခါမှာ
Lion ရဲ့ Hp ဟာ 834 ဖြစ်သွားပါတယ်... Lion ရဲ့ ကိုယ်မှာလဲ Lifesteal effect ပေါ်သွားတာ တွေ့ရမှာပါ ..
834-623 = 211 hp . Lion ရဲ့ Finger of death ၃ဆင့်ဟာ Damage 850 ရှိပါတယ် ..
Open Wounds ၄ဆင့် ကတော့ သတ်ရောက်တဲ့ Damage ရဲ့ 30% ကို Lifesteal အဖြစ်ပြောင်းတာ ဆိုတော့
30% x 850 = 255 hp ကို Lifesteal အဖြစ်ရသွားတာကို တွေ့ရမှာပါ ...
(Centaur Warchief ရဲ့ ပင်ကိုယ် Spell Resistance ကြောင့် 44 လောက်တော့ နည်းသွားတာပေါ့...)
ဒီသက်ရောက်မှုကို ကြည့်ပြီးတော့ သင့်အသင်းအတွက် ဘယ်လိုအကျိုးရှိစေမလဲဆိုတာကတော့
အသင်း Leader ဖြစ်တဲ့ သင့်အပေါ်ပဲ မူတည်ပါတယ်...
Tri Lane ဘက်ကို ပြန်သွားကြရအောင် ...
ဒီ Tri ကတော့ Farm ကို ရည်စူးပြီး ထုတ်ထားတယ်ဆိုတာ အားလုံး သိမှာပါ ...
ပီးတော့ အခန့်မသင့်ရင် မသင့်သလို သုံးဖို့ Slow Combo ကို တွဲထားပါတယ်..
နောက်ဆုံးပြောရရင် N'aix ကို ကယ်တင်ဖို့အတွက် slow တွေသုံးပေးပီး အသက်ချင်းလဲပေးလိုက်လို့ ရပါတယ်
2 range + 1 melee ဖြစ်တဲ့အတွက် Tri အတွက်သင့်တော်ပါတယ်...
For Late Game:
N'aix ကတော့ ရှည်ရှည်ဝေးဝေးပြောစရမလိုတဲ့ fighter တစ်ကောင်ဖြစ်ပါတယ်...
DoT(Damage over Time) spell တွေ အမြောက်အများ ပါတဲ့ Hero ၂ ကောင်ဖြစ်တဲ့ AA နဲ့ Venomancer ဟာ
တစ်ဖက်အသင်းကို အကြီးအကျယ် အနှောင့်အယှက်ဖြစ်စေမှာပါ ..
Infest >>>> Heal , Assassination , Survive .
Ice Blast >>>> Global , Aoe , DoT , Instant Kill .
Poison Nova >>>> DPS , Aoe .
Venomous Gale နဲ့ Cold Feet နှစ်ခုပေါင်း combo ကို အစောပိုင်းမှာ တွဲလို့ကောင်းသကဲ့သို့
ultimate ၂ခု ဖြစ်တဲ့ Poison Nova နဲ့ Ice Blast ၂ခုဟာလဲ ကောင်းမွန်တဲ့ combo အတွဲဖြစ်ပါသေးတယ်..
Poison Nova ဟာ နောက်ဆုံး hp 1 ကျန်တဲ့အခါမှာ သွေးထပ်မလျော့တော့ပါဘူး ...
Ice Blast ကတော့ ထိထားတဲ့ ရန်သူရဲ့ Maximun Hp ရဲ့ 12% အောက်ရောက်သွားတာနဲ့
Physical Damage 100000000 ထိသွားတာ ဖြစ်တဲ့အတွက် တစ်ချက်တည်း တမ်းသေစေပါတယ်...
ဒီတော့ ဒီ spell နှစ်ခုထိသွားတဲ့ enemy ဟာ သေဖို့ ကျိန်းသေသလောက် ရှိပါတယ်.. မသေရင်တော့
လိုက်ကောက်မယ့် မိမိဘက်က fighter တွေ ပေါ် မူတည်သွားပါပီ ...
(Ice Blast ကြောင့်မသေနိုင်တာကတော့ Geomancer Clone တွေနဲ့ Dazzle ရဲ့ Shadow Grave ပဲ ရှိပါတယ်..
Ghost Sceptor နဲ့ Cold Embrace သက်ရောက်မရောက်တော့ လေ့လာနေတုန်းပါ .. )
Aoe Spell တွေ ဖြစ်တဲ့ အတွက်ကြောင့် Damage Aoe တွေနဲ့ တွဲလေ ပိုကောင်းလေလို့တော့ ထင်ပါတယ်...
Suggestion Team:
1. Ancient Apparition + Venonmancer + N'aix + Tidehunter + Rubick
2. Ancient Apparition + Venonmancer + N'aix + Clockwerk + Spectre
3. Ancient Apparition + Venonmancer + N'aix + Lightening + Prophet
No comments:
Post a Comment