5. Omniknight + Dazzle + Axe (☼ Durable Type ☼)
သင်ဟာHealer ကိုင်ဆော့တော့မယ်ဆိုရင် သင်ဟာFighter Hero တွေရဲ့အသက်ကို ရုပြုစို
က်ရမှာပါ ။တစ်ခါတစ်ရံမှာ ပွဲအခြေအနေက စောစောစီးစီး မနိုင်နိုင်လို့ .. သို့မဟုတ် ..
ပွဲစဉ်ရဲ့ အလယ်ပိုင်းလောက်မှ တိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရှိလို့ ... သို့မဟုတ် ..
တစ်ဖက်အသင်းမှာ strong ဖြစ်တဲ့ early game nuker တွေ အများကြီးပါသွားလို့ ...
စတဲ့ အခြေအနေတွေကြောင့် သင့်မှာ ပွဲကို ထိန်းကစားဖို့ ဖြစ်လာတယ် ... အဲ့လို အခြေအနေမျိုးမှာဆိုရင်တော့
Defend ပုံစံနဲ့ ဆော့ဖို့အတွက် စဉ်းစားဖို့ လိုအပ်ပါတယ်...
(သင့်အသင်းသားတွေက တိုက်ခိုက်ဖို့ ပဲ အာရုံရတယ်ဆိုရင်တော့ ဒီပုံစံကို စဉ်းစားဖို့ မလိုပါဘူး... )
Lane Defend ပုံစံဆိုတာနဲ့ Tanker တွေကိုပဲ စဉ်းစားမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး ...
Tanker, Healer, Nuker အားလုံးကို ထည့်စဉ်းစားပေးသင့်ပါတယ်...
အပေါ်မှာ ပြောခဲ့တဲ့အတိုင်း တစ်ဖက်အသင်းမှာ early game nuker တွေ အများကြီး ပါသွားလို့
(ဥပမာ ... stun + stun + stun = Death, spell တွေအားလုံး ထိတာနဲ့ တစ်ကောင် ပျောက်မယ့် အတွဲမျိုးတွေ..)
စတဲ့အခြေအနေမျိုးမှာဆိုရင်တော့ သင့်မှာ healer တွေ လိုလာပါပြီ ...
တစ်ဖက်အသင်းက စုစုပေါင်း Damage ပေးလိုက်လို့ 500 ဆိုပါစို့ .. သင်က hp 200 လောက် heal လိုက်နိုင်ရင်
spell caster တွေအတွက် လုပ်ကွက်မဲ့ပြီး ပြန်ခံရမယ့် အခြေအနေကိုဖြစ်သွားစေနိုင်ပါတယ်...
ကစားသမား အများစုဟာ အချိန်တိုအတွင်းမှာ hero တစ်ကောင်ကို အပျောက်ဖျောက် တိုက်ခိုက်ဖို့
ရည်ရွယ်ကြပါတယ်... ရန်သူ တစ်ကောင် စီကို spell တစ်ခုစီ သုံးတာမျိုးက တွေ့ရခဲပါတယ်...
ဘယ်သူ့ကိုပဲ သုံးသုံးပါ .. အလွယ်တကူ heal လိုက်တာနဲ့ flow ပျက်စေမှာပါ ...
ဒီအတွဲမှာတော့ Tank + Heal အပြင် တစ်ဖက်အသင်းကို တိုက်ခိုက်နိုင်မယ့် ပုံစံကို စဉ်းစားထားပါတယ်..
lvl 1 မှာ Axe ရဲ့ Berserker Call ကြောင့် မိနေတဲ့ ရန်သူကို Shadow Wave နဲ့ Purification တို့ရဲ့
ဘေးနားက AOE ကို သတ်ရောက်တဲ့ Dissipate Damage တွေကြောင့် hero ကို ကာကွယ်ယုံမက
တိုက်ခိုက်နိုင်မယ့် အခြေအနေကိုပါ ရောက်စေပါတယ်...
ဒီ အဖွဲ့ကလည်း Battle တူတူဝင်မယ့် ပုံစံနဲ့ သင့်လျှော်ပါတယ်... lvl တူတူတက်မှ အကျိုးပိုရှိမယ့်
အလားအလာတွေ ရှိတာကြောင့် တခြား Gank တွေလို ချောင်းမြောင်းတိုက်ခိုက်ဖို့ မသင့်လျှော်ပါဘူး ..
Berserker Call - Counter Helix + Purification + Shadow Wave = ???
အတိအကျ ပြောလို့ မရပေမယ့် တစ်ဖက်အသင်းအတွက် Counter လုပ်နိုင်မယ့် အခြေအနေကောင်းတွေ ရှိပါတယ်
ဒါ့အပြင် solo lane နဲ့ ရင်ဆိုင်ရမယ် ဆိုရင်တောင် ၂ မိနစ် လောက်နဲ့ tower ၁ လုံးလောက် ရနိုင်ချေလည်း
ရှိပြန်သေးတယ်...
Strategy:
Single Disable တစ်ကောင်နဲ့ Aoe Disable တစ်ကောင် ဖွဲ့စည်းထားတဲ့အပြင်
2 healing ဖြစ်တဲ့ အတွက်ကြောင့် Durable ပုံစံ တောင့်ခံနိုင်တဲ့ အတွဲတစ်တွဲဖြစ်ပါတယ်...
လမ်းပတ်ပြီး တစ်ဖက်အသင်းသားတွေကို မတိုက်ခိုက်နိုင်တဲ့အတွက် စိတ်ဝင်စားမှုတော့နည်းမှာ အမှန်ပါ..
ပွဲအလယ် ပိုင်းလောက်မှာတော့ တစ်ဖက်အသင်းက Diffusial Blade မထွက်ခင် ကာလမျိုးမှာ
သင့်ဘက်က ပွဲအလယ်ပိုင်း Fighter (Murloc, Slardar) ကဲ့သို့ hero မျိုးနဲ့ ပွဲထုတ်နိုင်ပါတယ်...
For Late Game:
solo lane ၂ ခုမှာ တစ်ခုကိုတော့ hitter တစ်ကောင် ထည့်သင့်ပါတယ်...
အကြောင်းက hitter ကို အန္တရာယ်ကင်းအောင် ထားပေးနိုင်မယ့် Repel, Purification တို့အပြင်
Shallow Grave ကလဲ အထောက်အကူပြုတဲ့ Overpower spell တစ်ခုအနေနဲ့လဲ ရှိနေပြန်ပါတယ်..
Hitter တွေ အကြိုက် တစ်ဖက် ရန်သူကို armor လျော့စေမယ့် Dazzle ရဲ့ ultimat "Weave"ကိုလည်း
မမေ့ထားသင့်ပါဘူး...Defend ပုံစံဖြစ်တဲ့အတွက် စက္ကန့်အနည်းငယ်လေးမှာ battle အပြီးဆိုင်ခြင်းမဟုတ်တဲ့အတွက်
Weave အတွက် သင့်လျော်မယ့် အချိန်အတိုင်းအတာ တစ်ခုကိုလဲ ရစေမှာပါ ..
armor ပေါ်သက်ရောက်တဲ့ Physical type တွေဖြစ်တဲ့ Counter Helix , Shadow Wave , Poison Touch,
တွေအပြင် pure Damage ပုံစံ Purification လဲ ပါဝင်တာကြောင့် အကြောင်းမဲ့ တွဲထုတ်ခြင်းတော့
မဟုတ်ကြောင်း ဆွေးနွေးပါရစေ ... ဒါကြောင့် Hitter တွေနဲ့ တွဲစေလိုတာပါ ...
Guardian Angel >>>> Armor +, Regen, Survive, Invulnarable .
Weave >>>> Armor +, Aromr -, Unobstructed sight.
Culling Blade >>>> Instant kill . Increase Movement Speed .
တစ်ဖက်က combo ကြမ်းကြမ်းတွေနဲ့ ဖျောက်မယ့် hero တွေ (Ancient, Nerubian Assassin, Slayer)
Item နဲ့ တိုက်ခိုက်မယ့် Hitter တွေ (Sniper, Ursa, Terrorblade )
Spamming spell တွေ ပါတဲ့ hero တွေ ( Tormented Soul, Tinker, Zeus ) အစရှိတဲ့ hero တွေကို
counter လုပ်ဖို့ သင့်တော်ပါတယ်...
Suggest Teams:
1. Omniknight + Dazzle + Axe + Murloc + Slardar
2. Omniknight + Dazzle + Axe + Templer + Rogue Knight
3. Omniknight + Dazzle + Axe + Clinkz + Rexxar
No comments:
Post a Comment