Thursday, August 15, 2013

လေးစားပါသည်....

http://www.netcharles.com/orwell/pics/map-burma.jpg
“မြန်မာပြည်”

* လျှပ်စစ်တွေ ထုတ်တယ်၊
ပြည်သူအများစု မသုံးရဘူး။
...
* ဆန် စပါးအများကြီး စိုက်တယ်၊
ပြည်သူတွေ ဝဝလင်လင် မစားရဘူး။

* တိုင်းတစ်ပါးသားတွေ ကျူးကျော်နေတာကြာပြီ၊
ခြံစည်းရိုးမရှိဘူး။

* ဆင်းရဲလို့ မိန်းမငယ်လေးတွေ သူများနိုင်ငံမှာ
ပြည့်တံဆာအလုပ် အစေခံအလုပ်တွေ သွားလုပ်နေရတယ်၊
ချမ်းသာအောင် မလုပ်ဘူး။

* စစ်သည်သုံးသိန်းရှိတယ်၊
သောင်းကျန်းသူတွေကို မနှိမ်နင်းနိုင်ဘူး။

* ပညာတတ်တွေ အများကြီးထွက်တယ်၊
အသုံးမချတတ်ဘူး။

* ကျောက်တွေ ကတ္တရာတွေ အများကြီးရှိတယ်၊
လမ်းတွေ မကောင်းဘူး။

* သံတွေထွက်တယ်၊
အပ်တစ်ချောင်းတောင် မလုပ်တတ်ဘူး။

* ရာဘာတောကြီး ရှိတယ်၊
တာယာကို နိုင်ငံခြားက ဝယ်ရတယ်။

* သယံဇာတတွေ အများကြီးထွက်တယ်၊
ကုန်ချော မလုပ်တတ်ဘူး။

* ရတနာတွေ အများကြီးထွက်တယ်၊
ပြည်သူတွေ အလှမဆင်နိုင်ဘူး။

* ပင်လယ်ပြင်ကြီးရှိတယ်၊
ပင်လယ်စာကောင်းကောင်း မစားရဘူး။

* ကမ္ဘာမှာ အကောင်းဆုံး ဘာသာတရားရှိတယ်၊
မငြိမ်းချမ်းဘူး။

* အမှန်တရားရှိပေမဲ့။
အမုန်းတရားနဲ့ အုပ်ချုပ်တယ်။

* မကျန်းမာတဲ့သူတွေ ရှိတယ်၊
ဆေးမကုနိုင်ဘူး။

* ရာသီဥတု ကောင်းတယ်၊
စိုက်ပျိုးရေးမှာ အောက်ဆုံးက။

* တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှု အောက်ဆုံးရောက်နေတယ်၊
ပြည်သူတွေ အုပ်ချုပ်ရေး အတတ်ပညာကို သင်ခွင့်မရဘူး။

* ဝန်ကြီးဌာနအများစု အလွဲသုံးစားလုပ်နေတယ်၊
အရေးမယူဘူး။

* ကျွန်းသစ်တွေ အများကြီးထွက်တယ်၊
ပြည်သူအများစု တဲနဲ့နေရတယ။်

* ကမ္ဘာမှာ လူဦးရေအများဆုံး နိုင်ငံ နှစ်နိုင်ငံနဲ့ နယ်နမိတ်ချင်းထိနေတယ၊်
ကုန်ချောပစ္စည်း ရောင်းမစားတတ်ဘူး။

* ကမ္ဘာကျော် အတွေးအခေါ်ပညာရှင်ရှိတယ်။
ပြည်သူတွေ သူ့အကြောင်း သင်ခွင့်မရဘူး။

* ဒီမိုကရေစီနိုင်ငံထူထောင်တယ်၊
အာဏာရှင် စိတ်ဓါတ်နဲ့။

* ကမ္ဘာကျော် ခေါင်းဆောင်ရှိတယ်
အုပ်ချုပ်ခွင့် မရဘူး။

ဒေါက်တာ အောင်ခင်
၁၉ -၀၆-၂၀၁၃
By - Kyaw Moe Hein

တွေးမိတာတော်တော်များများ တူလို့ ကူးထားမိတယ်။ လူတိုင်းလွတ်လပ်စွာ
သဘောထား ကွဲလွဲခွင့်ရှိပါတယ်။ ခေါင်းစဉ်မပါတော့ ကိုယ့်စိတ်ကြိုက်ပေးလိုက်
တာပါ။ ကဗျာဆရာကို ခေါင်းစဉ်အတွက် ခွင့်ပြုပါလို့ - - - ။

No comments:

Post a Comment

အားလုံးကိုခင်မင်လေးစားလျှက်ပါ တေဇာနည်းပညာ