Sunday, August 18, 2013

ဖြစ်သလိုကြီးဆိုပဲ

တစ်ခါတုန်းက လူတစ်ယောက်ရှိတယ်။ အဲဒီလူရဲ့တစ်ခေါင်းလုံးမှာ ဆံပင်ဆိုလို့ လေးချောင်းထဲပါတယ်။ အဲဒီလူဟာတစ်နေ့ တစ်နေ့ ရုံးမသွား ခင် သူ့ ရဲ့ဆံပင်လေးချောင်းကို အမြဲတမ်းမှန်ရှေ့မှာ နှစ်ချောင်းစီခွဲပြီး ဆီလိမ်းရတာတစ်နာရီလောက်ကြာတယ်။ တစ်နေ့ လည်းကျကော သူ့ ရဲ့ဆံပင်တစ်ချောင်းဟာ ကျွတ်သွားလို့ သူ့ ခဗျာနှစ်အချိုးတစ်နဲ့ နှစ်ပါး သွားနေရတာပေါ့။ နောက်တစ်ခါလည်းကျကော တစ်ချောင်းထပ်ကျွတ်သွား လို့  တစ်အချိုးတစ်ဖြစ်သွားကော။ဒါနဲတစ်နေလည်းကျရောသူရဲ့ဆံပင်တစ်ချောင်းကထပ်ကျွတ်သွားတဲ့အခါမှာတော့သူတော်တော်လေးစိတ်တိုပြီးပြောလိုက်တဲ့စကားက...

" တော်ပြီ။ ဒီအတိုင်းဘဲ ဖိုသီဖတ်သီ ဘဲ ရုံးသွားတော့မယ် " တဲ့

No comments:

Post a Comment

အားလုံးကိုခင်မင်လေးစားလျှက်ပါ တေဇာနည်းပညာ