ငပေတစ်ယောက် မနက်စောစော အလုပ်သွားဖို့အတွက်
သေချာပြင်ဆင်ပြီး အိမ်မှထွက်လာခဲ့သည်။
လှေကားအတိုင်းဆင်းလာရင်းနဲ့
တစ်နေရာအရောက် သူအရှေ့တွင်ရှိနေသော
မဲမဲအတုံးလေး သုံးတုံးကို သူသတိထားမိလိုက်သည်။
စိတ်ထဲမသင်္ကာသဖြင့် ထိုအတုံးလေးအား ...
လက်ညှိုးဖြင့်ထိုးလိုက်ပြီး လျှာနဲ့အရသာခံကြည့်လိုက်သည်။
သိပ်တော့ မသဲကွဲသေး . . .
နောက်တစ်ခေါက် ထပ်တို့ပြီး အရသာထပ်ခံကြည့်သည်။
ဒီလောက်ဆိုရင် သေချာသွားပီ . . .
ဘာလဲဆိုတာ ငပေ သိလိုက်ရပီ။
ပြီးမှ ဈေးဦးပေါက်အပြုံး ပြုံးပြီး . ဂုဏ်ယူစွာဖြင့် . . . .
" ခွေးချီးတွေပဲဟ .. .. .. ကံကောင်းတယ်ဟေ့ တက်မနင်းမိတာ "
No comments:
Post a Comment