Sunday, August 18, 2013

dota နဲ့ပတ်သက်တာလေးပါ အကိုတစ်ယောက်ဆီကပြန်ေ0မျှတာပါ

ကျွန်တော် Game အသည်းအသန်ဆော့တဲ့အချိန်(၂၀၀၃ ၀န်းကျင်) တုန်းက နာမည်ကြီးပြီး လူတိုင်းဆော့တဲ့ ဂိမ်းက Counter-Strike ပါ... Clan တွေဖွဲ့ကြ၊ ပြိုင်ပွဲတွေလုပ်
ကြနဲ့ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ ဂိမ်းပါ... အခုတော့လဲ ဂိမ်းဆိုတာ DotA ကိုပြောတာလို့ ပြောရမလို DotA (Defense of the Ancients) ခေတ် ရောက်နေပြန်ပါပြီ... ရန်ကုန်တစ်မြို့လုံး ဘယ်ဂိမ်းဆိုင်ကြည့်လိုက် ကြည့်လိုက် ခုတ်ဟ ထစ်ဟ နဲ့ အားကြိုးမာန်တက် ဆော့နေကြတာ DotA ပါ... လူငယ်တွေ လက်ဘက်ရည်ဆိုင်ထိုင်ရင်း၊ လမ်းသွားရင်း ဟိုလိုခုတ်ပါလား ဒီလိုခုတ်ပါလား တိုင်ပင်နေကြတာများ မသိတဲ့သူကြားရင် ရဲစခန်း တိုင်ချင်စရာပါ...

DotA အကြောင်း ပြောချင်ပေမယ့် စိတ်ရှိလက်ရှိပြောလိုက်ရရင် ပိုစ့် သိပ်ရှည်သွားမှာစိုးလို့ DotA မှာ ပါတဲ့ Hero အမျိုးအစားတွေအကြောင်းပဲ ပြောပါမယ်...

DotA က Hero တိုင်းမှာ Strength, Agility, Intelligence ဆိုတဲ့ Attribute (၃)မျိုးရှိကြပါတယ်... Hero မှန်ရင် အဲ့ဒီ Attribute (၃)မျိုးလုံးရှိကြရပါတယ်... Strength အားသန်တဲ့ Hero ကို Strength Hero၊ Agility အားသန်တဲ့ Hero ကို Agility Hero နဲ့ Intelligence အားသန်တဲ့ Hero ကို Intel Hero စသဖြင့် သန်ရာသန်ရာလိုက်ပြီး အမျိုးအစားခွဲထားပါတယ်...


Strength

Strength Hero ဆိုတာဟာ တိုက်ပွဲကို ဦးဆောင်ပြီး တိုက်တဲ့ Hero အမျိုးအစားပါ... သူတို့ဟာ ခံနိုင်ရည် အလွန်မြင့်ပြီး သန်မာကြပါတယ်... ရန်သူ အရေအတွက် ဘယ်လောက်များများ ရှေ့ဆုံးကနေ ၀ုန်းဒိုင်းကြဲ ၀င်သွားပြီး ကြမ်းပြစ်မယ်ဆိုတဲ့ Hero တွေပါ... သူတို့ရဲ့ အဓိက အားသာချက်ကတော့ သန်မာမှုပါပဲ...

Agility

Agility Hero တွေကတော့ Assassin တွေပါ... သူတို့ဟာ Strength Hero တွေလို ရန်သူတပ်ထဲဝင်ပြီး ၀ုန်းဒိုင်းကြဲ ကြမ်းနိုင်တဲ့သူတွေမဟုတ်ပေမယ့် တစ်ဦးချင်း တစ်ယောက်ချင်းသာဆို ဘယ်သူ့မှ မကြောက်ပါဘူး... သူတို့ ရဲ့အားသာချက်က လျှင်မြန်မှုနဲ့ တိုက်ရည်ခိုက်ရည် ကျွမ်းကျင်မှုပါ... Hero Killer တွေလို့ ပြောလို့ရပါတယ်...

Intelligence

Intelligence Hero တွေကတော့ Spell တွေ Magic တွေနဲ့ တိုက်ပွဲကို နောက်ကနေ ထောက်ကူပေးသူတွေပါ... သူတို့ရဲ့အားသာချက်ကတော့ ဥာဏ်ပညာပါ... သူတို့ကို လျှော့တွက်ရင် မှားပါမယ်... သူတို့ရဲ့ မှော်ပညာတွေနဲ့ Spell တွေက တိုက်ပွဲရဲ့အဖြေ ဖြစ်သွားတက်ပါတယ်... အင်အားကောင်းလှပါတယ်ဆိုတဲ့ တပ်ကြီး သူတို့ရဲ့ Spell တွေအောက်မှာ အမှုန့်ဖြစ်သွားနိုင်ပါတယ်...

Hero တွေကို ဆိုင်ရာအားသာချက်အရ အမျိုးအစားခွဲထားပေမယ့် Hero တိုင်း Strength ရော Agility ရော Intelligence ရော အကုန်ရှိမှ Hero လို့ခေါ်တာပါ... ဘယ်လောက်ပဲ သန်မာပါစေ ဥာဏ်မရှိရင်အလကားပါပဲ...

Three Attributes for Developer

Programmer ကောင်းဟုတ်မဟုတ်၊ Developer ကောင်း ဟုတ်မဟုတ် တိုင်းတာဖို့အတွက်လဲ Attribute (၃)မျိုး ရှိပါတယ်... Strength တို့ Agility တို့တော့ မဟုတ်ပါဘူး... စစ်တိုက်မှာမှ မဟုတ်ပဲကိုး... Developer တိုင်းမှာ ရှိဖို့လိုတဲ့ Attributes (၃) မျိုးက...

  1. Energy
  2. Discipline
  3. Expertise

တို့ ဖြစ်ပါတယ်...

Energy ဆိုတာက ရလဒ်ထွက်ပေါ်အောင် အမှန်တစ်ကယ် ကြိုးစား လုပ်ဆောင်နိုင်စွမ်းကို ဆိုလိုပါတယ်... Discipline ကတော့ အာရုံစူးစိုက်မှုနဲ့ တာဝန်ယူနိုင်စွမ်းကို ဆိုလိုပါတယ်... Expertise ကတော့ ကျွမ်းကျင်မှုကို ဆိုလိုတာပါ... ဒီ (၃)မျိုးမှာ တစ်မျိုးထဲ ချွန်နေယုံနဲ့ Developer ကောင်းတစ်ယောက် မဖြစ်နိုင်ပါဘူး (အများစုက ကျွမ်းကျင်မှု ရှိယုံနဲ့ လုံလောက်ပြီ ထင်တက်ကြပါတယ်)... ဒီသုံးမျိုး ကို နှိုင်းယှဉ်ပြပါမယ်...

အမျိုးအစား
Enr Dis Exp ရှင်းလင်းချက်
Creator ကျွမ်းကျင်မှု၊ စိတ်ပါဝင်စားမှု၊ အားရုံစူးစိုက်မှု၊ ဖန်တီးနိုင်စွမ်း အားလုံးနဲ့ ပြည့်စုံသူတွေပါ... အမြဲတမ်းတက်ကြွပြီး ဘာမဆို အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓါတ် ရှိသလို လုပ်လဲ လုပ်နိုင်ကြပါတယ်...
Ethusiast - ကြိုးစားပြီး တက်ကြွတဲ့ Developer တွေပါ... ဒါပေမယ့် တစ်ခါတစ်ရံ ပေါ့ဆမှုကြောင့် မလိုလားအပ်တဲ့ အမှားလေးတွေ ရှိတက်ပါတယ်...
Artist - ကျွမ်းကျင်ပြီး ပါရမီရှိတဲ့သူတွေပါ... ဒါပေမယ့် တည်ငြိမ်မှုမရှိပဲ နားလည်ရခက်ပါတယ်... သူတို့ စိတ်ပါနေရင် ရလဒ်ကောင်း ထွက်ပေမယ့် စိတ်မပါရင်တော့ ရလဒ်တွေ ဆိုးတက်ပါတယ်...
Doer - ကြိုးစားပြီး အတွေ့အကြုံရှိတဲ့ Developer မျိုးတွေပါ... ဒါပေမယ့် ပူးပေါင်းလုပ်ဆောင်မှု(Teamwrok) နဲ့ ကိုယ်တိုင် ဖန်တီးနိုင်စွမ်းမှာတော့ အားနည်းနိုင်ပါတယ်...
Noise Maker - - တစ်ချိန်လုံး အလုပ်လုပ်နေပေမယ့် အာရုံစူးစိုက်မှုနဲ့ ကျွမ်းကျင်မှု မရှိလို့ အသုံးဝင်တာ ဘာတစ်ခုမှ မပေးနိုင်တဲ့ သူမျိုးတွေပါ
Bureaucrat - - ကြိုးစားလိုစိတ်ရှိပြီး တက်ကြွပေမယ့် ဘာမှမတက်တဲ့ လူမျိုးတွေပါ... ဗျူရိုကရက်ဆိုတဲ့ စကားလုံးမှာကို ဘယ်လိုလူစားမျိုးတွေလဲ သိသာနေပါပြီ...
Sage - - အတွေ့အကြုံများပြီး တော်ပေမယ့် ဘာမှမလုပ်ပဲ ထိုင်နေချင်တဲ့ လူစားမျိုးတွေပါ...
Lost Soul - - - ဘာမှမလုပ်ချင်သလို ဘာမှလဲ မသိတဲ့ လူစားမျိုးတွေပါ...

မိတ်ဆွေတို့ရော ဘယ်လို Developer အမျိုးအစားလဲ... :)

No comments:

Post a Comment

အားလုံးကိုခင်မင်လေးစားလျှက်ပါ တေဇာနည်းပညာ